International News

၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၏ လောင်စာသုံးစွဲမှု ၀.၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့

Last Updated:

၂၀၂၄ ခုနှစ် ပထမ နှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၏ လောင်စာသုံးစွဲမှုသည် ၁၅၆.၆ MLD သို့ ရောက်ရှိခဲ့ပြီး ၀.၀၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စွမ်းအင်စီးပွားရေးဦးစီးဌာန၏ ထုတ်ပြန်ထားချက် အရ သိရှိရပါသည်။

ယခုနှစ် ဒုတိယနှစ်ဝက်တွင် GDP သည် ၁ ရာခိုင်နှုန်း တိုးတက်မှုရှိနိုင်ကြောင်း ထိုင်းဘဏ်၏ ငွေကြေးမူဝါဒကော်မတီက ခန့်မှန်းထားကြောင်း၊ ဇန်နဝါရီလမှ ဇွန်လအထိ ဒီဇယ်ဆီ၊ လေယာဉ်ဆီ၊ Liquefied Petroleum Gas (LPG) သုံးစွဲမှု မြင့်တက်ခဲ့သော်လည်း ဂက်စ်ဆိုဟော၊ ဂက်စ်ဆိုလင်း၊ Compressed Natural Gas (CNG) နှင့် လောင်စာဆီသုံးစွဲမှု ကျဆင်းခဲ့ပါကြောင်း၊ Oil Fuel Fund အောက်မှ ထောက်ပံ့မှုအနေဖြင့် ဒီဇယ်ဆီဈေးနှုန်းကို ၁ လီတာလျှင် ဘတ် ၃၃ ဖြင့် သတ်မှတ်ပေး ထားသောကြောင့် ဒီဇယ်ဆီ ဝယ်လိုအားသည် ၆၈.၆၁ MLD ထိ မြင့်တက်ခဲ့ပြီး ၃ ရာခိုင်နှုန်း တိုးတက် ခဲ့ခြင်းဖြစ်ကြောင်း၊ ခရီးသွားဝင်ရောက်မှုမြင့်တက်သည့် ရာသီဖြစ်သည့် ပထမနှစ်ဝက်တွင် ဗီဇာ ကင်းလွတ်ခွင့် အစီအစဉ်နှင့် အားလပ်ရက်တွင် လေယာဉ်ပျံသန်းမှု မြင့်တက်လာခဲ့ပြီး လေယာဉ်ဆီ သုံးစွဲမှုသည် ၁၅.၇၄ MLD ထိမြင့်တက်ခဲ့ပြီး ၁၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း ဦးစီးဌာန အကြီး တန်းအရာရှိ Mr. Sarawut Kawetathip က ပြောကြားခဲ့ပါသည်

ရေနံဓာတုထုတ်လုပ်ရာတွင် ဝယ်လိုအား မြင့်တက်လာသဖြင့် LPG သုံးစွဲမှုသည်လည်း ၁၈.၃၅ MKgD သို့ ရောက်ရှိခဲ့ပြီး ၃.၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပါကြောင်း၊ ဂက်စ်ဆိုဟောနှင့် ဂက်စ်ဆိုလင်း သုံးစွဲမှုသည် ၃၁.၆၇ MLD သို့ ရောက်ရှိခဲ့ပြီး ၀.၉ ရာခိုင်မှုန်း ကျဆင်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ တရုတ် EV ထုတ်လုပ်သူများက ၎င်းတို့ ပြည်တွင်းထုတ်မော်ဒယ်များ ထွက်ရှိလာသကဲ့သို့ ထိုင်းအစိုးရ၏ EV မက်လုံးပေးအစီအစဉ်များကြောင်း EV ရောင်းအား မြင့်တက်လာပါကြောင်း၊ လောင်စာဆီသုံးစွဲမှုသည် ၅.၃ MLD သို့ ရောက်ရှိခဲ့ပြီး ၂၃.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ နိုင်ငံ၏ တစ်ဦးတည်းသော CNG ရောင်းချသူ PTT Plc  က CNG ၁ ကီလိုဂရမ်လျှင် ၁၉.၅၉ ဘတ်သို့ မြှင့်တင်လိုက်သဖြင့် သုံးစွဲမှုသည် တစ်နေ့လျှင် ၂,၉၀၀ တန်ဖြင့် ၁၆.၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမနှစ်ဝက်အတွင်း ရေနံစိမ်း၊ LPG နှင့် သန့်စင်ပြီးဆီ တင်သွင်းမှုသည် ၁.၀၄၅ BPD ရှိခဲ့သဖြင့် ၂.၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ဆီတင်ပို့မှုသည် ၁၆၂,၇၄၁ BPD ဖြစ်သဖြင့် ၄.၈ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး ဘတ် ၁၆.၈၃ ဘီလီယံဘတ် ဖြစ်ကြောင်း သိရှိရပါသည်။  

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News